ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍအား လေ့လာပြုစုခြင်း

ဤလေ့လာခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့သစ်၏ ပို့ဆောင်ဆက်သွယ်မှု အားကောင်းခြင်း၊ ကျန်းမာသောမြို့၊ သန့်ရှင်းသောပတ်ဝန်းကျင်၊ တက်ကြွသော လူမှုပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဆက်သွယ်ရေးများရရှိရန်ဟူသော နေပျော်သည့်မြို့အဖြစ် ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ရေးအတွက် လိုက်လျောညီထွေရှိလှသော လမ်းပန်းဆက်သွယ်ရေးပုံစံ ရေးဆွဲရန်ဖြစ်ပါသည်။

အထူးသဖြင့် ရန်ကုန်မြို့သစ်၏ ပို့ဆောင်ဆက်သွယ်ရေး စီမံချက်မှာ အများပြည်သူသွားလာနိုင်ရေး၊ လုံခြုံစိတ်ချရမှု၊ ထိရောက်သောခြေလျင်သွားလမ်းများနှင့် စက်ဘီးစီးလမ်းများကို ခရီးသည်များနှင့် ကုန်စည်များ ပို့ဆောင်ရေးတို့အတွက် လိုအပ်ချက်များနှင့် ကိုက်ညီသော လမ်းစနစ်များကို ကောင်းမွန်စွာ ပေါင်းစပ်ပြီး ဖွံ့ဖြိုးစေရန် ရည်ရွယ်ပါသည်။

စုပေါင်းထားသော လိုက်လျောညီထွေရှိသည့် ပို့ဆောင်ဆက်သွယ်ရေးစနစ်တွင် လူသွားလမ်းများနှင့် စက်ဘီးလမ်းများ၊ အများပြည်သူပို့ဆောင်ဆက်သွယ်ရေးကွန်ယက်၊ လမ်းမကြီးများနှင့် ပို့ဆောင်ဆက်သွယ်ရေး ပေါ်လစီများကို နှီးနွယ်၍ ရလာဒ်ကောင်းများ ရရှိစေရန် ဖြစ်ပါသည်။ တိတိကျကျ ဆိုရလျှင်မူ ရန်ကုန်မြို့သစ် အတွက် ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အဦနှင့် မူဝါဒ နှစ်ရပ်လုံး စီမံဖော်ဆောင်နိုင်ရေးအတွက် အဓိကဖော်ညွှန်းကိန်းများ (KPI) ရရှိစေပြီး လိုက်လျောညီထွေရှိလှသော လမ်းပန်းဆက်သွယ်ရေးပုံစံ ရေးဆွဲရန်ဖြစ်ပါသည်။

AllEscort