Our Story

Oriental Consultants Japan Co., Ltd. (OC Japan) was established in January 2014 as a new Myanmar-based consulting firm for the purpose of providing high-quality consulting services to valuable clients in the region. OC Japan strives to satisfy its client’s needs with an approach that consolidates modern regional characteristics with effective environmental design and awareness of present and future social and environmental demands. OC Japan is a 100%-owned subsidiary of Oriental Consultant Global Co., Ltd. (OC Global) of Japan.

ကျွန်ုပ်တို့ ကုမ္ပဏီအကြောင်း

OC Japan သည် ၂၀၁၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် လုပ်ဆောင်သော စီမံကိန်းများ၌ပါဝင်ခဲ့ပြီး တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ပြည်တွင်းအစိုးရနှင့် ပုဂ္ဂလိကတို့မှ ရန်ပုံငွေဖြင့် လုပ်ဆောင်သော စီမံကိန်းများတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုယ်ပိုင်ကျွမ်းကျင်မှုများကို လက်တွေ့ပေါင်းစပ်ကာ ဗိသုကာ၊ လျပ်စစ်၊ ဘေးအန္တရာယ်လျော့ချခြင်း၊ ရေပေးဝေရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းနှင့် မီးရထား၊ လေဆိပ် အပါအဝင် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ အစိုးရစီမံခန့်ခွဲမှု မပါသော ရန်ပုံငွေဖြင့် လုပ်ဆောင်သည့် PFIစီမံကိန်းများ စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ ၎င်း၏ မိခင်ကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်မှုဖြင့် OC Japan သည် consulting ဝန်ဆောင်မှု၏ အလုံးစုံလုပ်ငန်းများကို ယူဆအစီအစဉ်ဆွဲခြင်းနှင့် ဖြစ်တန်စွမ်းသုံးသပ်ချက်မှသည် လုပ်ငန်းအပ်နှံပြီး လုပ်ငန်း၏ ကနဦးတင်သည့် အချိန်ထိ ပြီးပြည့်စုံသည့်ပံ့ပိုးမှု ပေးခဲ့သည်မှာ မြန်မာနိုင်ငံတွင် စီမံကိန်းပေါင်း ၅၀ ကျော် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

Our Company Profile

Company Name Oriental Consultants Japan Co., Ltd.
Date of Establishment March 17 ,2014
Registered Capital USD 50,000
Head Office No.702 Hledan Centre, No.3C-3D, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar
Director Mr.Kazuyasu KONDO (Managing Director)

Mr.Yuji IMAMURA (Director)

Email [email protected]
Website www.ocjapan.com.mm
Phone 09268053707

ကျွန်ုပ်တို့၏ မိခင်ကုမ္ပဏီ

ကျွန်ုပ်တို့၏ မိခင်ကုမ္ပဏီသည် အကြွင်းမဲ့ကျော်ကြားမှုကို ထူထောင်ပြီးဖြစ်ပါသည်။ OC Global သည် စီးပွားရေးကဏ္ဍအရပ်ရပ်တွင် ဉီးဆောင်လျက်ရှိပြီး ကျွန်ုပ်တို့သည် Oriental Consultants Global ကုမ္ပဏီ လီမိတက်၏ လက်ခွဲကုမ္ပဏီအဖြစ် ဂုဏ်ယူစွာ ရပ်တည်လျက်ရှိပါသည်။

BOARD OF DIRECTORS

Mr. Kazuyasu KONDO

 Director

Mr. Yuji IMAMURA

Managing Director

Management အဖွဲ့မှစကား

Oriental Consultants Japan ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဉီးဆောင်နေသော အထွေထွေ Consultant များထဲမှ တစ်ခုဖြစ်သည့် Oriental Consultants Global ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာကုမ္ပဏီများ ဉပဒေအရ ၂၀၁၄ ခုနှစ်မှသာ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သော်လည်း အချိန်တိုအတွင်းတွင် ၎င်း၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝင့်ကြွားစွာ ချဲ့ထွင်လုပ်ကိုင်ခဲ့သည်။ လှုပ်ရှားမှုများ၊ အဆက်မပြတ်ဖွံ့ဖြိုးမှုများနှင့်အတူ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဉီးဆောင်နိုင်သော ကျွမ်းကျင်သည့် Engineering Consulting ကုမ္ပဏီတစ်ခုဖြစ်လာရန် စုပေါင်းလုပ်ကိုင် သွားပါမည်။ ကျွန်ုပ်တို့၏ အဆုံးမရှိသော အာထုတ်မှုများ၊ စီမံကိန်းအသီးသီး၌ အားစိုက်မှုများနှင့် ကျွန်ုပ်တို့ လုပ်ငန်းမှ “လူထုအတွက်တန်ဖိုး”၊ “လုပ်ငန်းအတွက်တန်ဖိုး” များကို ဖန်တီးရင်း အကျိုးပြုလုပ်ငန်းများ ကြီးထွားလာရေးကို သဘောပေါက်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းအပ်နှံသူများ အတွက် ကျွန်ုပ်တို့၏ အမြင့်ဆုံးအလေးထားမှုနှင့် တာဝန်ယူမှုများဖြင့် သေချာစေရန် လုပ်ဆောင်ပေး နေပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းအပေါ် မှတ်ကျောက်တင်ပြီးသော ပြောင်မြောက်လှသည့် ဆောင်ရွက်မှုများကို လုပ်ငန်းဖိအားနှင့် အချိန်အကန့်အသတ်အတွင်း အတူတကွ ကျွမ်းကျင်စွာ အကောင်အထည်ဖော်နိုင်သော ခိုင်ခံသည့်အဖွဲ့များမှ လုပ်ဆောင်ပြခဲ့ပြီးဖြစ်ပါသည်။
“လုပ်ငန်းအပ်နှံသူ၏ အမြင့်မားဆုံး ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အန္တိမပန်းတိုင်ဖြစ်ပါသည်”

Talk to our consultants today.

AllEscort